ပခုက္ကူ ၂၂ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချိုက်ကျေးရွာရှိ ပန်းပဲမြေသမဝါယမအသင်းမှ အသင်းသားများ အနေဖြင့် မိမိ၏ မူလစီးပွားရေးလုပ်ငန်းများအပြင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် One Village One Product ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မယ် ပစ္စည်းများဖြစ်သည့် ကတ်ကြေး၊ ဓား၊ မွေးညှပ် စသည့် သံထည်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါသည်။ ထိုလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြင့် တစ်လလျှင် ကျပ် (၈၀,၀၀၀) ခန့် အပိုဝင်ငွေ ရရှိကြပြီး ယင်းအသင်းမှ ထုတ်လုပ်သော သံထည် ပစ္စည်းများသည် အရည်အသွေးကောင်းမွန်သဖြင့် သုံးစွဲသူများ ကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။
MDN


