ပခုက္ကူ၊    ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာရှိ ကုန်ထုတ်လမ်းဖောက်လုပ်ပေးနေမှုကို ဇန်နဝါရီ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မှီစေရေးနှင့် သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားကာ နည်းပညာဆိုင်ရာလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

 

အဆိုပါကုန်ထုတ်လမ်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုငွေကျပ် ၂၁ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ထုတ်လမ်း အရှည် မိုင် ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ပေ လက်မရှိသည်။

 

ကုန်ထုတ်လမ်းပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၉၀၀ အိမ်၊ လူဦးရေ ၁၈၀၀ ဦးတို့၏ လယ်ယာမြေဧက (၄၀၀)တို့မှ သီးနှံထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)