ပခုက္ကူ ၅ အောက်တိုဘာ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ပခုက္ကူမြို့နယ်အတွင်း အခြေခံပညာကျောင်း အဆောက်အဦပေါင်း (၁၅)ကျောင်း၏ တည်ဆောက်ရေး လုပ်ငန်းအသစ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်ရာ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာကျောင်းပေါင်း (၁၅)ကျောင်း ဆောက်လုပ်ထားကြောင်း၊ အသစ်ဆောက်လုပ်သည့် ကျောင်းများမှာ မြို့ပေါ်ရှိ အ.ထ.က(၁) RCC နှစ်ထပ် ကျောင်းဆောင်သစ်၊ အ.လ.က(၁) RCC နှစ်ထပ်ကျောင်းဆောင်သစ်၊ စက်မှုဇုန်(အ.ထ.က-ခွဲ) တစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် ကျေးရွာများတွင် မြစ်ကိုင်း(အ.မ.က) တစ်ထပ်ကျောင်းဆောင်၊ ဒဲ့ပျား(အ.ထ.က-ခွဲ) တစ်ထပ် ကျောင်းဆောင်၊ ရေလာမြောက် (မူလွန်)တစ်ထပ် ကျောင်းဆောင်၊ ကင်မွန်ခါး(မူလွန်) တစ်ထပ်ကျောင်းဆောင်၊ အရှေ့စဘေ (အ.လ.က) ကျောင်း၊ ကန်ရပ်ကြီး (အ.လ.က) တစ်ထပ် ကျောင်းဆောင်၊ မြစ်ဖျား (အ.ထ.က-ခွဲ) တစ်ထပ်ဝန်ထမ်းအိမ်ရာ၊ မိကျောင်းတွင်း (အ.လ.က) တစ်ထပ်ဝန်ထမ်းအိမ်ရာ ၊ ကျွန်းချောင်း (အ.ထ.က) တစ်ထပ် သိပ္ပံဆောင်၊ အနောက်ကုန်း(အ.မ.က) တစ်ထပ်ကျောင်းဆောင်၊ မန်ကျည်းပင်ပု (အ.ထ.က-ခွဲ) တစ်ထပ် ကျောင်းဆောင်၊ ကျပ်ပြည့် (အ.ထ.က) တစ်ထပ်ကျောင်းဆောင်တို့ဖြစ်ကြောင်း၊ အဆိုပါ(၁၅)ကျောင်းကို ဇွဲရဲရင့် ကုမ္ပဏီက လေးကျောင်းနှင့် Active One ကုမ္ပဏီက ၁၁ ကျောင်းစီ တာဝန်ယူပြီး စုစုပေါင်း ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၉၉၇ ဒသမ ၀၅၀၀၀)ဖြင့် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးရန် သတ်မှတ်ထားသောကြောင့် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးကြောင်း၊ နိုင်ငံတော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြင်လည်မွမ်းမံပြင်ဆင်ထိန်းသိမ်းရန် ၀၄-၀၂ ခေါင်းစဉ်ဖြင့် ကျောင်းပေါင်း ၃၅ ကျောင်း၊ ၀၄-၀၉ ခေါင်းစဉ်ဖြင့် ၁၃၂ ကျောင်း၊ ထို့အပြင် တစ်လအတွင်း ပြန်လည်မွမ်းမံ ပြင်ဆင်ထိန်းသိမ်းရန် ၀၄-၀၂ ခေါင်းစဉ် ဖြင့် ၂၃ ကျောင်းရှိကြောင်း၊ မြို့နယ်အတွင်း ကျောင်း ပေါင်း ၂၅ ကျောင်းတွင် သန့်စင်ခန်းအလုံးပေါင်း ၇၀ ပြုလုပ်ရန် ခွင့်ပြုငွေကျပ်သိန်းပေါင်း ၅၆၀ ချပေးထားကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းပေါင်း ၃၈ ကျောင်း ပြင်ဆင်ရန် ချပေးသည့်အနက် ၇ ကျောင်းသာ ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၃၁ကျောင်း ကျန်ရှိကြောင်း၊ ကျန်ရှိသည့် ၃၁ ကျောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက် ဘတ်ဂျက် အနေဖြင့် နိုင်ငံတော်ကချထားပေးသောကြောင့် လုပ်ငန်းပြန်လည်ဆောင်ရွက်ကြရာ ပြီးလုနီးပါးရှိပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရေဝင်ရောက်သည့် ကျောင်းများမှလွဲပြီး ကျောင်းအားလုံး ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဆောက်အဦများ၊ ကျောင်းသား/သူများအတွက် စာသင်ခုံများ၊ သန့်စင်ခန်းများ ပြည့်စုံအောင် ဖြည့်ဆည်းပေးသည့်အတွက် အခြေခံကျောင်းပညာများ သင်ကြား သင်ယူမှုလုပ်ငန်းများတွင် နှောက်နှေးကြန့်ကြာမှုမရှိဘဲ စိတ်အေးချမ်းသာစွာ သင်ကြားနိုင်မည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ၏ ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


