နေပြည်တော် ၂၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ(၃)ရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၅၃ ဒသမ ၂ သန်းဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရေပေးရေးလုပ်ငန်းများအား ဇီးပင်ကန်ကျေးရွာတွင် ၄” f GI ၆၀၀’ စက်ရေတွင်း တူးဖော်ခြင်း၊ (၁၀”x၈”x၈”) ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် (၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ သီရိလေးကျေးရွာတွင် ၄” f PVC ၆၀၀’ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် (၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ရေစင်အောက်တွင် ပါဝါမီတာ Pannel Board ထားရှိရန် အခန်းဖွဲ့စည်းခြင်း၊ သစ်ပုလွေကုန်းကျေးရွာတွင် 7.5 H.P ရေမြုပ်ပန့်နှင့် အင်ဂျင်+ဒိုင်နမိုအသစ် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား သူဌေးကျော်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ရေပေးရေးဆောင်ရွက်မည် ဇီးပင်ကန်ကျေးရွာ၊ သီရိလေးကျေးရွာနှင့် သစ်ပုလွေကုန်းကျေးရွာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့နှင့် တင်ဒါရကုမ္ပဏီတာဝန်ရှိသူများမှ ကွင်းဆင်း၍ ကျေးရွာမြေပြင် အနေအထားများနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း လုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်ထံမှ သိရသည်။
ခိုင်စံဝေ(DRD)


