ပခုက္ကူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ခုနစ်ခုနှင့် လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းသုံးခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၄)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၅ ပေ၊ အနံ ၆ ပေ၊ ထု ၃လက်မ)၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၅)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၀ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ) အမှတ်(၃)ရပ်ကွက်၊ (၆)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၃၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)၊ အမှတ်(၃) ရပ်ကွက်၊ (၆)လမ်း၊ ရိပ်သာလမ်း(အရှေ့) ကွန်ကရစ်တံတား တည်ဆောက်ခြင်း (အလျား ၃၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)၊ အမှတ် (၃)ရပ်ကွက်၊ (၇)လမ်း၊ ရိပ်သာလမ်း(အနောက်) ကွန်ကရစ်တံတားတည်ဆောက်ခြင်း (အလျား ၂၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းကွန်ကရစ်တံတား တည်ဆောက်ခြင်း (အလျား ၁၈ ပေ၊ အနံ ၃ ပေ၊ ထု ၃ လက်မ)၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်း (အလျား ၄၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)နှင့် အမှတ်(၆)ရပ်ကွက်၊ (၄)လမ်းနှင့် ဆုကြီးပန်လမ်းကြား လမ်းတံတားတည်ဆောက်ခြင်း (အလျား ၅၀ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)၊ အမှတ်(၆)ရပ်ကွက်၊ (၃)လမ်းနှင့် ဆုကြီးပန်လမ်းကြား လမ်းတံတားတည်ဆောက်ခြင်း (အလျား ၄၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ)၊ အမှတ် (၆)ရပ်ကွက်၊ (၁)လမ်းနှင့် ဆုကြီးပန်လမ်းကြား လမ်းတံတားတည်ဆောက်ခြင်း (အလျား ၃၅ ပေ၊ အနံ ၆ ပေ၊ ထု ၃ လက်မ) တို့ကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်မှ တတိယသုံး လပတ်အထိ စုစုပေါင်းခွင့်ပြုငွေကျပ်သန်းပေါင်း (၃၆၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ပြည့်မီရေးအတွက် အနီးကပ်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရန် လမ်းနှင့်တံတားများကို ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


