ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ စတင်လက်ခံ

 

ပခုက္ကူ မေ ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး လက်ခံဆောင်ရွက်သည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ခွင့် မဆုံးရှုံးစေရေးအတွက် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက် စာရင်းသွင်းမှုကို စနစ်တကျ လက်ခံဆောင်ရွက်ပေးကြပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်း ကျောင်းသူ ကျောင်းသားနှင့် မိဘများထံ အသီးသီး ပေးအပ်ခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)