ပခုက္ကူ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ နယ်၌ ဆိက္ခဝကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင်စသည့် ကျေးရွာများ၌ မြစ်ရေဝင်မြေနုကျွန်းများပေါ်၌ ငရုတ်၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကိုလည်း စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မြေပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ရိတ်သိမ်းခဲ့ကြောင်း၊ မျိုးအနေဖြင့် ပင်ပြန့်အတောင့်ကြီးမျိုးများကို အဓိကစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် မြေပဲတစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁ဝ သိန်းခန့် ကုန်ကျကြောင်း၊ မြေပဲတစ်ဧကလျှင် ၄၈ တင်းခန့်ထွက်ရှိပြီး မြေပဲအတောင့်များကို ရောင်းချခြင်းမရှိဘဲ မြေပဲဆန်များကိုသာ ရောင်းချကြကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆန်များကို ပခုက္ကူမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် မြေပဲသီးနှံ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)