ပခုက္ကူ  ဇူလိုင် ၂၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးရှောင်ပြည်သူတချို့ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်ရှိ အိမ်များသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင် ပြည်သူ ၂၂၆၉ ဦး ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ယခုအခါ ဧရာဝတီမြစ်ရေမှာ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးရှောင်ပြည်သူ ၄၂၈၀ ကျော် နေအိမ်များထံ ပြန်လည်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း၊ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ၌ ရေဘေးရှောင်ပြည်သူ ၇၉၈၉ ဦး ကျန်ရှိနေသေးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၏ ပြောပြချက်အရ သိရသည်။

 

ဘာမီသာ(ပခုက္ကူ)