ပခုက္ကူ ဒီဇင်ဘာ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ဒီဇင်ဘာ ၂ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ် ၇၀၀၀ ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၅၀၀ ကျော် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးထိန်လင်းသိန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ် ၄၁၀၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် ၅၃၈၅ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ် (လဲလှယ်) ၉၁၉ ကတ်၊ ပျောက်ဆုံး ပျက်စီးသည့် နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ) ၉၄၇ ကတ်၊ တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း ၄၅၉ ခု၊ တရားဝင် ရွှေ့ပြောင်းနေထိုင်ခွင့်ရ(Mတံဆိပ်ပါ) အိမ်ထောင်စု လူဦးရေစာရင်း ၆၉ ခု စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် ၇၆၆၁ ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း ၅၂၈ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ အပြီးသတ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း၏ ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)