ပခုက္ကူ  စက်တင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆောက်လုပ်လျက်ရှိသော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းကို  ယနေ့ နံနက် ၁၁ နာရီက မြို့နယ် လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦသည် အလျား ၇၀ ပေ၊ အနံ ၆၀ ပေ၊ RCC တစ်ထပ်ဖြစ်ပြီး တည်ဆောက်မှုလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

 

 

ဆောက်လုပ်ပြီးစီးပါက ကွန်းရွာအုပ်စုအတွင်းရှိ ခြောက်ဦးသား၊ ကျွန်းပုလု၊ မြင်းကျွန်း၊ လက်ပံကျွန်း၊ လေးလံကျွန်းကျေးရွာများတွင် ဧရာဝတီမြစ်‌ရေဝင်ရောက်၍‌‌ ရွှေ့ပြောင်းနေထိုင်ရပါက အသုံးပြုနိုင်မည် ဖြစ်ပြီး မြို့နယ်အတွင်း အခြား သဘာဝဘေးအန္တာရယ်ကြုံတွေ့လာပါက ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ‌ နေထိုင်နိုင်ရန်အတွက် နေရာတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပခုက္ကူမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမိုးကျော်သူနှင့် ကော်မတီဝင်များက ဆောက်လုပ် ပြီးစီးမှုအား ကြည့်ရှုစစ်​ဆေးပြီး လိုအပ်ချက်များနှင့် အချိန်မီပြီးစီး‌ရေး အကြံပြုဆွေးနွေးခဲ့ကြောင်း  သိရသည်။

ဟိန်းသူ(ပြန်/ဆက်)