ပခုက္ကူ မတ် ၁၆

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့်ကျွန်းများ၊ ယာမြေများပေါ်တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံ များ ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ်တွင် ပဲအမျိုးမျိုးနှင့်စီပီပြောင်းများ ဈေးကောင်းရရှိကြောင်း သိရသည်။

“ပဲထောပတ်ဖြူ(ထောဖြူ)စိုက်တယ်။ ယခင်နှစ်နဲ့နှိုင်းရင် ထွက်နှုန်းတော့ ကျတယ်။ အဓိက မြေဩဇာဈေးကြီးတော့ လိုသလောက် မသုံးနိုင်ခဲ့ဘူး။ သုံးပုံတစ်ပုံလောက် ထွက်နှုန်းက ကျသွားတယ်။ ဒါပေမယ့် ထောဖြူဈေးက မတ် ၁၅ ရက်နေ့ကဆိုရင် တစ်တင်းကို ၄၆၉၀၀ ကျပ် ရှိတယ်။ ဈေးကောင်းတော့ တွက်ချေတော့ ကိုက်ပါတယ်”ဟု ရေလယ်ကျွန်းရွာတစ်ရွာဖြစ်သည့် ကျွန်းပုလုကျေးရွာမှ တောင်သူ ဦးကြည်နွယ်က ပြောသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် ဒေသများ၌ ပဲအမျိုးမျိုး၊ စီပီပြောင်း၊ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်မျိုးစုံနှင့် နေကြာတို့ကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

ကိုဇော်(ဓာတု)