ပခုက္ကူ မေ ၁၅
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများကျကာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ လမ်းမတော်နှင့် ဈေးကြားရှိ ကွန်ကရစ်မီးတိုင် နှစ်တိုင်၊ ပြည့်အိုင်ကျေးရွာနှင့် ရေမျက်ကျေးရွာကြားရှိ ကွန်ကရစ်မီးတိုင် သုံးတိုင် ကျိုးကျခဲ့ကြောင်း၊ မြစ်ခြေမြို့မှ သုံးမိုင်ခွဲခန့်အကွာ 132kv ကျွန်းချောင်း-ဗုဒ္ဓကုန်း ဓာတ်အားလိုင်းတာဝါတိုင် တစ်တိုင်သည် ထန်းတောခြောက်ချောင်း ရေကြီးသဖြင့် ကျိုးကျခဲ့ကြောင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ်များ၌ မေ ၁၄ ရက် ညနေ ၆ နာရီခန့်မှစတင်ပြီး လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)