ပခုက္ကူ နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး“ပန်းခင်း”စီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊အောက်တိုဘာလအထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၉၉၇ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၄၃၁ခုအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင် စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှစတင်ကာ စိစစ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၂၈ရက်နေ့အထိ အသက် ၁၆နှစ်နှင့် ၁၈နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၀၈ ကတ်၊ အသက် ၁၈နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃၈၁ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(လဲလှယ်)  ၅၅၀၊  ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မိတ္တူ)  ၆၃၈ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း ၃၆၂ခု၊ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့်ရ(Mတံဆိပ်ပါ) အိမ်ထောင်စုလူဦးရေစာရင်း ၆၉ခု၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၁၉၇၇ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၄၃၁ခု တို့ကိုစိစစ်ဆောင်ရွက်ပြီးစီးကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊  ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ၂၀၂၂ခုနှစ်၊စက်တင်ဘာလကုန်အထိ အပြီးသတ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)