ပခုက္ကူမြို့နယ်တွင် ရေယာဉ်(၁)စီး မော်တာပျက်၍ ပြုပြင်စဉ် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၂၅   ဧပြီ

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဆင်မင်းကျေးရွာ မြစ်ဆိပ်တွင် ရေယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရွှေတန့်တစ်ကျေးရွာနေ ဦးလှမြင့်ပိုင်ဆိုင်သော “အောင်ရတနာမိုး” ရေယာဉ်ပေါ်၌  ရေယာဉ်မောင်းနှင်သူ ဇင်မင်း(၃၈) နှစ်သည် ရေယာဉ်မော်တာပျက်နေသဖြင့် ပြုပြင်နေစဉ် မော်တာအပ်ကြိုးနှင့် မော်တာကြိုးတို့ ထိမိ၍ ဝါယာရှော့ခ်ဖြစ်ခဲ့ရာက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဇင်မင်းအား ပခုက္ကူမြို့မရဲစခန်းမှ  အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN