ပခုက္ကူ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယခုနှစ်မိုးများသောကြောင့် အထွက်နှုန်းနည်းပါးနိုင်သော်လည်း တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်)စမုံနှမ်းနက်များ စိုက်ပျိုးမှုများပြားကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ ယခုနှစ် နှမ်းနက်(ခေါ်) စမုံနှမ်းနက်ကို စက်တင်ဘာလ ၁၂ရက်နေ့က စတင်စိုက်ပျိုးကြပါတယ်၊ ယခင်နှစ်ကတစ်တင်းကို ငွေကျပ် ၄၀၀၀၀  ကနေ ၄၇၀၀၀  အထိ ဈေးနှုန်းရှိပါတယ်၊ ယခုနှစ်မှာ မိုးရွာသွန်းမှုများပြီး နှမ်းနက်စိုက်ခင်းများအထွက်နှုန်းနည်းပါးနိုင်သော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ် ၇၀၀၀၀  ခန့်ရှိတာကြောင့် တောင်သူတွေအတွက် ဝင်ငွေပိုမိုရရှိမယ်လို့ယုံကြည်ပါတယ်”ဟု ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာက တောင်သူဦးမိုး‌‌ကျော်က ပြောပြသည်။

ပခုက္ကူမြို့နယ်တွင် ၂၀၂၁ခုနှစ်၊အောက်တိုဘာလကုန်အထိ ဆောင်းသီးနှံနှမ်းနက်(ခေါ်)စမုံနှမ်းနက်ဧကပေါင်း (၄၆၅၆၁)ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ လျာထားဧကထက်ဧကတစ်သောင်းကျော်စိုက်ပျိုးနိုင်ကြောင်း ပခုက္ကူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံ ကသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)