ပခုက္ကူမြို့ရှိ ကုန်စုံဆိုင်တွင် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ပခုက္ကူ ၂၂    မေ        


ပခုက္ကူမြို့  အမှတ်(၇)ရပ်ကွက် (၅)လမ်း ပင်မကုန်စုံဆိုင်တွင် မေလ ၂၁ ရက် ညနေ ၇ နာရီ ၂၀မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသည်။


မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးကျော်နိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အသီးသီးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ မိနစ် ၄၀  ခန့်တွင် မီးထိန်းသိမ်းငြိမ်းသတ်နိုင်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပင်မကုန်စုံဆိုင် ပစ္စည်းသိုလှောင်ခန်းတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများသည် ဟောင်းနွမ်းဆွေးမြည့်နေပြီး ခံနိုင်ဝန်အားထက် ပိုမိုသုံးစွဲခဲ့သောကြောင့် အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ၅ ထပ်သားပြား ၅ ချပ်နှင့် စားသောက်ကုန် ပစ္စည်းများ လောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၇)ရပ်ကွက် (၅)လမ်း ပင်မကုန်စုံဆိုင်ပိုင်ရှင် ဦးရန်အောင်ထွန်းအား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုတမာ