ပခုက္ကူ ၂၄ မတ် 

 

Covid-19 ရောဂါပိုးရှိသူများ မြန်မာနိုင်ငံတွင် တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ပခုက္ကူမြို့ရှိ တက္ကသိုလ် ၃ ခုမှ စာမေးပွဲဖြေဆိုနေမှုများကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း မတ် ၂၄ ရက် နံနက်ပိုင်းက ထုတ်ပြန်သည်။

 

23

 

ပခုက္ကူမြို့နယ်ရှိ ပခုက္ကူတက္ကသိုလ်(ဝိဇ္ဇာ/သိပ္ပံ)၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် အသီးသီးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲ ဖြေဆိုနေမှုများကို မတ် ၂၄ ရက် နံနက်ပိုင်းမှစ၍ ယာယီရွှေ့ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ကိုဇော်