ပခုက္ကူ ၁၉  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (နည်းစနစ်) ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ပခုက္ကူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပထမဦးဆုံးအကြိမ်အဖြစ် “C” လိုင်စင်ဘောလုံး နည်းပြသင်တန်းကို ဖေဖော်ဝါရီ လ ၁၆ ရက်နေ့မှစတင်၍ ပခုက္ကူမြို့၊ ခရိုင်အားကစား ရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

52

 

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ(၁၆)ရက်မှ (၂၁)ရက်နေ့အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်( နည်းစနစ်)မှ သင်တန်း နည်းပြ ဦးခင်ထွန်းဦးမှ သင်ကြားပေးနေခြင်းဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/မများ၊ ဘောလုံးအားကစားသမားဟောင်းများနှင့် လက်ရှိ Myanmar National League ပြိုင်ပွဲ အားကစားသမားများ စုစုပေါင်း( ၂၇)ဦး တက်ရောက်ကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ဘောလုံးနည်းစနစ်များ၊ဥပဒေများကို ပိုမိုသိရှိစေရန်နှင့်  ကျွမ်းကျင်သည့် နည်းပြများ ပိုမိုမွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ် ဒါရိုက်တာ တာဝန်ခံ မစ္စတာအဲလ်ရစ်မှ ချမှတ်ပေးသည့် “C”လိုင်စင်ဘောလုံးနည်းစနစ်များ၊ အခြေခံနည်းစနစ်များ အကြောင်းနှင့် နည်းပြများ ကျင့်သုံးရမည့် နည်းစနစ်များနှင့်ဥပဒေများ၊ ဘောလုံးကစားကွက်ပုံဖော်နည်းများ၊ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်စဉ် ကျူးလွန်မှုများအပေါ် ချမှတ်ရမည့် ပြစ်ဒဏ်များ၊ ဥပဒေများ၊ နည်းပြတစ်ယောက်တွင် ထားရှိရမည့် စိတ်ဓာတ်များအကြောင်း တို့ကို စာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးနေခြင်းဖြစ်ပြီး  သင်တန်းမှ ထူးချွန်စွာအောင်မြင်သည့် “C” လိုင်စင်ရနည်းပြ များအနေဖြင့် “B နှင့် A” လိုင်စင်နည်းပြအတွက် သင်တန်းများကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (နည်းစနစ်)မှ သင်တန်းနည်းပြ ဦးခင်ထွန်းဦး၏ ပြောပြချက်အရ သိရသည်။

 

895623.

 

ပခုက္ကူမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ငြိမ်းဆင့်အောင်က ယခုသင်တန်း တက်ရောက်ခြင်းကြောင့် ဘောလုံးကစားနည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန်သိရှိရပြီး ရာသီအလိုက် မြို့နယ်နှင့်ကျေးရွာအခြေခံပညာကျောင်း ဘောလုံးပြိုင်ပွဲများတွင် နည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း ပြောသည်။

 

ဆလိုင်းကိုကီး

 

963.