ပခုက္ကူ ၊   ၁၉    ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူပညာရေးဒီဂရီကောလိပ် သုံးထပ်စာသင် ဆောင် ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်  နံနက် ၈နာရီက ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းကြွယ်တို့က မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။

 

ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆောက်လုပ်မည့် Kinetic Arts Co., ltd တာဝန်ရှိသူများနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး တွေ့ဆုံမှာကြားသည်။

 

ပခုက္ကူပညာရေးဒီဂရီကောလိပ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခု ဆောက်လုပ်မည့် သုံးထပ်စာသင်ဆောင်မှာ အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေရှိ RC အမျိုးအစား အဆောက် အဦဖြစ်ကြောင်း သိရသည်။

           

ကိုဇော်(ဓာတု)