ပခုက္ကူ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေးနှင့် စိတ်အပန်းဖြေစေရန် ရည်ရွယ်ကာ ဒီဇင်ဘာ အားကစားလ (တတိယပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
လမ်းလျှောက်ပွဲတွင် ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထွန်းဦးနှင့် ဝန်ထမ်းများ ဦးဆောင်မှုဖြင့် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့် ဆရာ ဆရာမများ၊ သင်တန်းရေးရာ ဌာနမှူးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်သူများ စုစုအင်အား ၂၅၀ ကျော် ပါဝင်ဆင်နွှဲကြပြီး တက္ကသိုလ်ကျောင်းဝင်းအတွင်း Recreation Centre ခန်းမ၌ စုရပ်ကာ ပညာ့ရိပ်သာလမ်းအတိုင်း စတင် တာထွက်ခဲ့ကြသည်။ ထို့နောက် ယုဇနဆောင်၊ ငွေသော်တာဆောင်နှင့် အောင်ဇဗ္မူဆောင် စသည့် အိပ်ဆောင်လမ်းများမှ တက္ကသိုလ်ပတ်လမ်းအတိုင်း၊ ထိုမှတစ်ဆင့် တက္ကသိုလ်ပင်မဆောင်အထိ စုပေါင်း လမ်းလျှောက်ကြပြီး ပင်မဆောင်ရှေ့တွင် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့် Fitness Dance များကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


