ပခုက္ကူ       မေ       ၆

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အသစ်ခန့်အပ်ထားသည့် နည်းပြ/သရုပ်ပြ ဆရာဆရာမအသစ်များ ကြိုဆိုပွဲကို မေ ၆ ရက် နံနက်ပိုင်းက ကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အမှာစကား ပြောကြားပြီး နည်းပြ/သရုပ်ပြအသစ်များအား ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များက တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အသစ်ခန့်အပ် ထားသည့် နည်းပြ/သရုပ်ပြ ဆရာ ဆရာမ ၁၄ ဦးရှိကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)