ပခုက္ကူ မေ ၂၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်မှစတင်ကာ ပညာသင်နှစ်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင် ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် ဌာနအသီးသီးအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်လျက်ရှိကြသည်။
ထိုသို့ တက္ကသိုလ်ကျောင်း စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာနဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းစင်းစေရေးအတွက် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြု ပြည်သူလူထု လုံခြုံရေးအဖွဲ့များက စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)