ပခုက္ကူ ၂၇ အောက်တိုဘာ

 

ပခုက္ကူမြို့နယ်တွင် ဂျပန်ဈေးကွက်ဝင်  နှမ်းနက်များကို GAP နည်းဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်တွင် ကျေးရွာအုပ်စု ၁၉ စု ၊ကျေးရွာ ၃၉ ရွာ တွင်တောင်သူဦးရေ ၆၉၀ ဦးတို့က နှမ်းနက် ဧက ၄၃၈၅ ဧကစိုက်ပျိုးထားသည်။ ယမန်နှစ်ဈေးကွက်တွင်မကွေးမြို့ မြင့်မြတ်တော်ဝင် ကုမ္ပဏီက ထွက်ရှိနှမ်းများကို ပခုက္ကူမြို့အထိ တောင်သူများနှင့်တွေ့ဆုံ၍ မန္တလေးကုန်စည်ဒိုင်နှင့် Online မှချိတ်ဆက်ကာ မန္တလေးကုန်စည်ဒိုင်ဈေးနှုန်းအတိုင်း ဝယ်ယူခဲ့ကြောင်း သိရသည်။ ယမန်နှစ် နှမ်းနက် ဈေးကွက်ပေါက်ဈေးမှာ  ၇၆၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ် ဈေးနှုန်းထိရှိခဲ့ကြောင်း သိရသည်။

 

GAPနှမ်းနက်စိုက်ခင်းများအား ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာအကူအညီများ သွင်းအားစုများစနစ်တကျ သုံးစွဲနိုင်ရေးတို့ကို ကွင်းဆင်းအလေးထားဆောင်ရွက်ပေးနေပြီး ဆောင်းစိုက် ဧက ပခုက္ကူတွင် ၁၁၃၈၉ ဧကရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းလွင်ထံမှ သိရသည်။

 

ကိုတမာ(ပြန်ဆက်)