ရန်ကုန် ၁၆ ဇန်နဝါရီ 


ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများ ၂ဝ၁၈ ခုနှစ် အတွက် စာမူပေးပို့ရန် နောက်ဆုံး တင်သွင်းရမည့်ရက်ကို မူလက ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူတင်သွင်းရန် နောက်ဆုံးရက်ကို ၂ဝ၁၉ ခုနှစ် မတ် ၈ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။


ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် ငါးမျိုးအတိုင်း ပြိုင်ပွဲဝင်စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။


ပြိုင်ပွဲဝင်စာမူပုံစံများကို စာတည်းမှူးချုပ်၊ အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း၊ စာပဗိမာန်တွင် ရယူ နိုင်ပြီး နယ်မှပုံစံမှာယူလိုသူများသည် ငွေကျပ် ၁ဝဝဝ ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများကို မှာယူနိုင်ကြောင်း သိရသည်။


ပခုက္ကူစာပေဆုများကို ယှဉ်ပြိုင်လိုသူများ စိတ်ဝင်တစားဖြင့် မေးမြန်းမှုများရှိနေရာ ပြိုင်ပွဲဝင်လိုသော စာပေဝါသနာရှင်များ၏ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ယခုကဲသို့ ပြိုင်ပွဲဝင်ရက်တိုးမြှင့်သတ်မှတ် ပေးရခြင်းဖြစ်ကြောင်း ပခုက္ကူစာပေဆုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

 
သတင်းစဉ်