ပလောက်   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ရက်၊ နံနက်()နာရီအချိန်ခန့်တွင် ဖောင်းတောကျေးရွာ၊ အလကကေျာင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပလောက်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

နှင်းမြူလွင်(ပလောက်)