ပလောက် ၁၃ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ကျောင်းသူ၊ ကျောင်းသားများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး၊ စဉ်းစားတွေးခေါ်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်လျက် ယနေ့ မွန်းလွဲ ၁ နာရီက ပလောက်မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပလောက်မြို့အမကမူလွန်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများက အရုပ်ဆက်ပြိုင်ခြင်း၊ ဆေးရောင်ခြယ်ပြိုင်ခြင်း၊ ဘော်လုံးကောက်ပြိုင်ခြင်း စသည့် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ဦး (ပလောက်)