ပလောက်    ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို ၊ တိုက်နယ်ဆေးရုံတွင် တက်ရောက် ဆေးကုမှုခံယူနေသော လူနာများအား ဖြည့်စွက်အာဟာရများ လှူဒါန်းခြင်းကို ပလောက်မြို့ ကမ္ဘာ့ရတနာဘဏ်မိသားစုနှင့် ကြယ်ကြယ်အလူမီနီယံမိသားစုတို့ ပူးပေါင်း၍ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် အလှူရှင်မိသားစုတို့က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပလောက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာ ၁၄ ဦးအတွက် ဖြည့်စွက်အာဟာရအဖြစ်  ကြက်စွပ်ပြုတ်နှင့် BRAND'S ကြက်ပေါင်းရည်များ  လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

ပလောက်(ပြန်/ဆက်)