ပလောက်   ၂၀   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်အသွားအလာပြုလုပ်နေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရန် အသိပညာပေးခြင်းကို ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းက ပလောက်မြို့စည်ပင်သာယာဈေးကြီး အရှေ့၌ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါဆောင်ရွက်ရာတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့တာဝန်ခံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပလောက်မြို့အတွင်းရှိ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်း၌ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်းသူဝယ်သူများအားလုံး နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်ဦး(ပြန်/ဆက်)