ပလောက် ၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ သားသတ်ရုံများ ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် ပလောက်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး၊ ပလောက်မြို့စည်ပင်သာယာရေး အဖွဲ့မှ မြို့တာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပလောက်မြို့တွင် လိုင်စင်ရရှိထားသော သားသတ်ရုံများတွင် လိုင်စင် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နိုင်ဦး(ပလောက် ပြန်/ဆက်)


