ပလောက် ၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သသာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေသီလာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက ရပ်ကွက်၊ ကျေးရွာမှာ သဘာဝဘေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသော လူငယ်တွေအနေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများကို ရရှိစေရန်၊ သဘာဝဘေးကို တုန့်ပြန် ဆောင်ရွက်တဲ့အခါမှာ စနစ်တကျရင်ဆိုင် တုန့်ပြန် ဆောင်ရွက်တတ်စေရန်၊ သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ မိမိတို့သက်ဆိုင်ရာ ရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်တတ်စေရန် အချက်အလက်များကို သိရှိစေဖို့ရည်ရွယ်၍ ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူးမှ သင်ထောက်ကူပစ္စည်းများကိုပေးအပ်ကာ သင်တန်းသားများကိုယ်စား အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီ သင်တန်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်တိုင်တိုင် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း ၃၀ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ဉီး(ပလောက်)