ပလောက်  ၃  ဇန်နဝါရီ  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ က မီးကြွင်းမီးကျန်မှတဆင့် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

319

 

ပြည်ခြားကျေးရွာနေထိုင်သူ နော်အေးလေးမှ နေအိမ်နောက်ဘက်ရှိ မီးဖိုခန်းတွင် နံနက်စာ ထမင်းချက်ပြီးနောက် နေအိမ်အရှေ့တွင် သမီးဖြစ်သူနော်ဖောကံနှင့်အတူ ကွမ်းသီးခွဲနေစဉ် (အလျား ၂၅၊ အနံ ၃၀) ပေ နေအိမ်၏ မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး အိမ်နံဘေးကပ်လျက်ရှိသော ဦးစောထွေးထွေး နေအိမ်၏ (အလျား ၃၀၊ အနံ ၁၅) ပေရှိ ဓနိမိုး(၃၀)ပျစ်ပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

 

1319

 

မီးလောင်မှုဖြစ်ရာသို့ ပလောက်မြို့နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၃ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်းသိရသည်။

 

319

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ နော်အေးလေးကို ပလောက်မြို့နယ်မြေရဲစခန်းက စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပလောက်ပြန်/ဆက်မှ သိရသည်။

MDN