ပုလော ၂၂ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ကိုဗစ်−၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းသုံးပစ္စည်းများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ပလောက်တပ်နယ်၊ အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း ဒုကျောင်းအုပ်မှူးကြီး ကျော်ကျော်လင်းနှင့် အဖွဲ့က မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီက လာရောက်လှူဒါန်း ပေးကြောင်းသိရသည်။
ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည့် PPE ဝတ်စုံ (၆)စုံ၊ Surgical Mask (၅၀)ခု၊ Infrared thermometer (၁)ခု၊ Hand Gel (၂)ဘူး၊ Hand Sanitizer (၆)ဘူး၊ No 95 mask (၆)ခု၊ Surgical Golves (၄၁)ခုကို ပလောက်မြို့၊ ခန္တီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနသို့ လာရောက်လှူဒါန်းခဲ့ပြီး ပလောက်မြို့ပြည်သူ့ဆေးရုံ PPE ဝတ်စုံ (၅)စုံ၊ Surgical Mask (၅၈)ခု၊ Infrared thermometer(၁)ခု၊ Hand Gel (၂)ဘူး၊ Hand Sanitizer (၅)ခု No 95 mask (၄)ခုအား တာဝန်ခံဆရာဝန် ဒေါက်တာဆွေသူဖြိုးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေကုန်းကျေးရွာရှိ၊ ကျေးလက်ကျန်းမာရေး ဌာနသို့ PPE ဝတ်စုံ (၅)စုံ၊ Surgical Mask (၅၀)ခု၊ Infrared thermometer (၁)ခု၊ Hand Gel (၂)ဘူး၊ Hand Sanitizer (၅)ခု၊ No 95 mask (၅)ခု Surgical Mask (၃၄)ခုအား လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


