အန်ကာရာ ဇူလိုင် ၂၇
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ဇူလိုင် ၂၆ ရက်ကတူကီယဲမြို့တော် အန်ကာရာတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်၊ ဟားမားစ်အဖွဲ့ခေါင်းဆောင် အစ္စမေးဟာနီယာ့တို့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟုသိရသည်။
ယင်းနေ့မတိုင်မီက အဘတ်စ် နှင့် ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ယခုလိုတံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တူကီယဲ သည် ပါလက်စတိုင်းအရေးကိစ္စ ကို ထောက်ခံပြီး ပါလက်စတိုင်း တို့၏ ပိုင်ဆိုင်မှုများကို ကူညီ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း အာဒိုဂန်က ပြောသည်။
ပါလက်စတိုင်းတို့၏ စည်းလုံး ညီညွတ်မှုနှင့် ပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။ ဟားမားစ်တို့က ဂါဇာကမ်းမြှောင်ဒေသကို သိမ်းယူပြီးနောက် ပါလက်စတိုင်းတွင် အတွင်းပိုင်းအကွဲအပြဲများ ဖြစ်ပေါ်ခဲ့သည်။
ဆင်ဟွာ