၆ မေ
ယမန်နေ့က ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းတို့၏ ဒုံးကျည်များဖြင့်ပစ်ခတ်မှုကြောင့် အစ္စရေးအရပ်သားလေးဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဒုံးကျည်ဖြင့်ပစ်ခတ်မှုများကြောင့် ကမ်းရိုးတန်း အာဇုတ်မြို့တော် ရှိ ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ ကမ်းရိုးတန်း အာကီလွန် မြို့တော်ရှိ ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အာကီလွန် မြို့တော်ရှိ ၄၉ နှစ်အရွယ် အလုပ်သမားတစ်ဦးနှင့် ရက်မော်ဒီခီ မြို့သစ်အနီးရှိ ၆၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရသည်။
ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်မှုမရှိကြောင်း၊ အခြားသူများမှာ ဒဏ်ရာအနည်းငယ် သာရရှိခဲ့ကြောင်း ထိုရဲတပ်ဖွဲ့က ဆိုသည်။
စနေနေ့မနက်ကတည်းက အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည် အစင်း ၆၀ဝ ကျော်ပစ်လွှတ်ခဲ့ရာ ဒုံးကျည် ၁၅၀ ခန့်ကို အစ္စရေးတို့၏ “သံမဏိအမိုးခုံး” ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ဒုံးကျည် ၃၅ ကျော်မှာ လူနေထူထပ်ရာဒေသများသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
အစ္စရေးလုံခြုံရေး ဝန်ကြီးအဖွဲ့ ညွှန်ကြားချက်အရ တစ်ချိန်းတည်းမှာပင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ က ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နေ့ညနေက တုံ့ပြန်မှုဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို