ဖလမ်း ၁၇ ဇွန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီပေးနိုင်ရန် ဖလမ်းလူငယ်အဖွဲ့(FMP)က ဖလမ်းမြို့တွင် ဇွန် ၁၆ ရက် ညနေပိုင်းကစပြီး တစ်အိမ်တက်ဆင်း အလှူငွေကောက်ခံလျက်ရှိသည်။
ဖလမ်းမြို့တွင် တစ်အိမ်တက်ဆင်း အလှူငွေကောက်ခံခြင်းကို ဇွန် ၁၆ ရက် မှဇွန် ၂၃ ရက်နေ့အထိ ကောက်ခံမည်ဖြစ်ပြီး ကောက်ခံရရှိသည့်အလှူငွေများကို FMP အဖွဲ့ဝင်များကိုယ်တိုင် ပလက်ဝသို့သွားရောက်၍ အလှူငွေပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။
အလားတူ ၂၀၁၇ ခုနှစ် နောင်းပိုင်းကလည်း ဖလမ်းမြို့အခြေစိုက် ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(CRCDF)က ဖလမ်းမြို့တွင် အလှူငွေကောက်၍ ပလက်ဝ စစ်ဘေးရှောင်ပြည်သူများကို ကူညီခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဂျွန်