နေပြည်တော် ၁၁ စက်တင်ဘာ

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ကျေးရွာနေ ဒေါ်ကိုးထင်း (၃၁)နှစ် (စိတ်ဖောက်ပြန်နေသူ)သည် စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီက ၎င်း၏နေအိမ်၌ ခင်ပွန်းဖြစ်သူ မရှိစဉ် သားအရင်းဖြစ်သူ အောင်စိုးလင်း (၆)နှစ်နှင့် အောင်နန်းထိုက် (၂)နှစ်တို့အား စိတ်ဖောက်ပြန်ကာ ဓားမဖြင့်ခုတ်ခဲ့ရာ အောင်စိုးလင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အောင်နန်းထိုက်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်ကိုးထင်းအား ထရွန်အိုင်ရဲကင်းစခန်း၌ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား