နေပြည်တော် ၆ ဒီဇင်ဘာ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အဆိုပါဟောပြောပွဲ၌ ရဲအုပ် ဆန်းအောင်ငယ် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့်အချက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များအား အသိပညာပေး ဟောပြောသည်။
ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကို ဦးစီးသည့် တပ်ဖွဲ့ဝင်များက ယင်းနေ့ မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ ချုံနွယ် မြက်ပင်များ ခုတ်ထွင်း ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရှိရသည်။
(သတင်းစဉ်)