နေပြည်တော် ၁၄ ဇွန်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပလျက် ရှိသော အစိုးရပါဠိပထမပြန် စာမေးပွဲများတွင် ၄ နှစ်တစ်ကြိမ် ဇာတကအဋ္ဌကထာ ပြဋ္ဌာန်းကျမ်းစာ အုပ်များကို ပြောင်းလဲသတ်မှတ်ခဲ့ရာ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၄ နှစ်စာအတွက် ဘာသာပြန်ကျမ်းစာ ဇာတကအဋ္ဌကထာကျမ်းစာအုပ်များကို သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲမှ ရိုက်နှိပ်ပြီးစီးပြီးဖြစ်ပါ၍ ကျမ်းစာအုပ်များအရောင်းဆိုင် ကမ္ဘာအေးကုန်မြေ၊ ရန်ကုန်မြို့၌ စာသင်သား ရဟန်းသံဃာ၊ သာမဏေ၊ သီလရှင်များ လွတ်လပ်စွာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း သာသာနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)