နေပြည်တော် ၂၁ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (ဆဋ္ဌမနေ့)အဖြစ် ဖြေဆိုကြသည်။
ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်) ဆဋ္ဌမနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၀၆၈၆ ပါးအနက် ၁၆၇၄၁ ပါး ဖြေဆိုကြပြီး ၈၀ ဒသမ ၉၃ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


