နေပြည်တော် ၂၂ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (သတ္တမနေ့)အဖြစ် ဖြေဆိုကြသည်။
ပါဠိပထမပြန်စာမေးပွဲ(ပထမကြီး) သတ္တမနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၁၁၆၂၉ ပါးအနက် ၉၆၇၄ ပါး ဖြေဆိုကြပြီး ၈၃ ဒသမ ၁၉ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


