နေပြည်တော် ၁၂ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၀(၂၀၁၉)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၁၀၂၃၇ ပါး/ဦး အနက် ၂၈၇၄ ပါး/ဦး အောင်မြင်၍ ၂၈.ဝ၇ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၉၀၁၄ ပါး/ဦး အနက် ၄၂၈၆ပါး/ဦး အောင်မြင်၍ ၄၇.၅၅ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၁၄၄၄ ပါး/ဦး အနက် ၄၅၀၂ ပါး/ဦး အောင်မြင်၍ ၃၉.၃၄ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ ၁၆၂၇၀ ပါး/ဦး အနက် ၉၅၅၀ ပါး/ဦး အောင်မြင်၍ ၅၈.၇၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။
၁၃၈၀ ပြည့်နှစ်၊ (၂၀၁၉)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအနက် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမ ရရှိခဲ့ကြသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ကြသည်-
၁၃၈၀ ပြည့်နှစ်(၂၀၁၉)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းများကို နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ရုံးများတွင်လည်းကောင်း၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးရုံးများတွင်လည်းကောင်း သက်ဆိုင်ရာစာဖြေဌာနများရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများနှင့် မြို့နယ်သာသနာရေးမှူးရုံးများတွင်လည်းကောင်း ကြည့်ရှုနိုင်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ Website www. mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www. mora gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သာသနာရေးဉီးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)