၂၅ ဧပြီ

 

ကမ္ဘာတစ်ဝန်းက ပလပ်စတစ်အမှိုက်တွေကို တရုတ်နိုင်ငံက ပြန်လည်အသုံးပြုရေး အတွက် နှစ်အတော်အတန်ကြာ လက်ခံနေရာကနေ ၂၀၁၈ ခုနှစ်ကစပြီး နိုင်ငံတကာက ပလပ်စတစ်အမှိုက်တွေကို လက်မခံတော့ဘဲ ပိတ်ပင်လိုက်ပါတယ်။

 

တရုတ်နိုင်ငံမှာ လက်ခံရရှိတဲ့ ပလပ်စတစ်တွေကို ရီဆိုက်ကယ်လုပ်ပြီး အရည်သွေးမြှင့်တဲ့ ပစ္စည်းများ ပြန်လည်ထုတ်လုပ်နေခဲ့ပါတယ်။ တရုတ်အစိုးရက ပလပ်စတစ်အမှိုက်တွေကို ပိတ်ပင်လိုက်တဲ့ အတွက် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ ပလပ်စတစ်အမှိုက်တွေကို အသုံးပြုပြီး ပစ္စည်းပြန်လည်ထုတ်သော တရုတ်လူမျိုးများက တရုတ်စကားပြောနိုင်တဲ့ မလေးရှားနိုင်ငံဟာ သူတို့အတွက် ပထမ ရွေးချယ်ရာနေရာ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

 

mdn

 

မလေးရှားနိုင်ငံကို ၂၀၁၈ ခုနှစ်မှာ ဝင်ရောက်လာတဲ့ ရီဆိုက်ကယ် ပလပ်စတစ်တန်ချိန် ရှစ်သိန်း ခုနှစ်သောင်း ရှိပါတယ်။ ဒီပမာဏာဟာ ၂၀၁၆ ခုနှစ်ရဲ့ သုံးဆ ရှိတယ်လို့ သိရပါတယ်။ ပလပ်စတစ်စက်ရုံတွေဟာ မြို့တော် ကွာလာလမ်ပူအနီးရှိ ဂျန်ဂျရွန် မြို့ငယ်လေးမှာ အများအပြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ စက်ရုံတွေက ထွက်လာတဲ့ အဆိပ်တောက်ဖြစ်တဲ့ အခိုးအငွေ့တွေကြောင့် စက်ရုံပတ်ဝန်းကျင်တွင် နေထိုင်သူများရဲ့ ကျန်းမာရေးချို့တဲ့လာတဲ့အတွက် အစိုးရက တရားမဝင်စက်ရုံ ၃၃ ခုကို ပိတ်ပင်ခဲ့ပြီး နိုင်ငံအဝှမ်းမှာ ပလပ်စတစ် ဝင်ခွင့် ဆိုင်းငင့်ထားပါတယ်။

 

ပလပ်စတစ်အမှိုက် ပြဿနာဟာ ကမ္ဘာ့ပြဿနာဖြစ်လာပါပြီး လူသားတွေဟာ ပလပ်စတစ်တွေ များများအသုံးပြုခြင်းဖြင့် ကိုယ့်ဟာကိုယ် သတ်နေကြသလိုဖြစ်နေတယ်။ ကိုယ်သုံးထားတဲ့အမှိုက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမှိုက်တွေရှင်းဖို့ လိုပါတယ်။ မလေးရှားနိုင်ငံကို အမှိုက်တွေထဲ မပစ်လိုက်ရန် သဘာဝပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသူက ပြောပါတယ်။

 

ပလတ်စတစ်အမှိုက်ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ ပလပ်စတစ် နည်းနည်းထုတ်၊ နည်းနည်းသုံးဖြစ်တယ်လို့ Greenpeace အဖွဲ့က ကိတ်လင်းကလည်း ပြောပါတယ်။

 

MDN

ကိုးကား - AFP

 

mdn