ခင်ဦး   ၂၈   ဇူလိုင်

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီက ပလတ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး လက်ကမ်းစာစောင်များကို မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပညာပေးလက်ကမ်းစာစောင်များကို ဇူလိုင် ၂၈ ရက် နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။

           

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်အမှုဆောင်အရာရှိ ဒေါ်မာမာအောင်နှင့် ဝန်ထမ်းများက ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ရေးတို့ကို ဆောင်ရွက်ခဲ့သည်။

           

ပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး ပညာပေးလက်ကမ်း စာစောင်တွင် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်ကျင် ထိခိုက်နိုင်မှု အခြေအနေများအကြောင်း၊ စွန့်ပစ်ပစ္စည်းများ၏ ပျက်စီးမှု ကြာမြင့်ချိန်များ၊ စွန့်ပစ်အမှိုက်လျှော့ချရန် နည်းလမ်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)