မကွေး ၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပတ်ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ စီစဉ်ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖြစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မကွေးမြို့ ရန်ပယ်ဈေးကြီးအတွင်းရှိ ဈေးသည်များနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို ကွင်းဆင်းဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့တွင်ပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားသက်ဆိုင်ရာဌာနများမှ တာဝန်ရှိများက မကွေးမြို့ ရန်ပယ်ဈေးကြီးအတွင်းရှိ ဈေးသည်များနှင့် ဈေးဝယ်ယူသူများကို ကြွပ်ကြွပ်အိတ်သုံစွဲမှု လျှော့ချရေး၍ ဆွေးမြေ့လွယ်သည့် အစားထိုးပစ္စည်းအမျိုးမျိုးတို့ကို အစားထိုးသုံးစွဲကြစေရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မကွေးမြို့ ဈေးရောင်းဈေးဝယ်နေများဖြစ်သည့် ဈေးကြီးများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


