ငပုတော ၁၀ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်နှင့် လယ်ယာသုံးစက်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်စေရန်ရည်ရွယ် ကံကွင်းကျေးရွာအုပ်စု၊ ပမ္မဝတီကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို မတ် ၉ ရက် မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

16

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးသိန်းလွင်၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များက ပမ္မဝတီကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။  

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေ ၃၀ ဒသမ ဝ၉၆ သန်းဖြင့် ကျောက်ချောလမ်းခင်းခြင်း လမ်းအရှည် ၂၅၁၀ ပေ၊ လမ်းအကျယ် (၁၂)ပေ၊ အမြင့် ၇ လက်မထုခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် တေဇာဖြိုး ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်

 

112