ဇူလိုင် ၆
ပနားမားနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့ပြီး ၎င်းသည် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး လူးအစ်ဆူခီက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါရောဂါကူးစက်မှုကိုရှောင်ရှားရန် ထိုရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသူများကို ချက်ချင်းပင် ဆေးစစ်တမ်း လုပ်ဆောင်ခဲ့သည်ဟု ပါနာမာနီရမ်ဆေးရုံရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆူခီကပြောကြားသည်။
သိပ္ပံနည်းကျစိစစ်ချက်အရ မျောက်ကျောက်ရောဂါသည် အနီးကပ်ထိတွေ့မှုရှိသူကိုသာ အဓိကအားဖြင့် ကူးစက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
နိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူကို ပထမဆုံးတွေ့ရှိခဲ့သော်လည်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုစည်းမျဉ်းကို ဇူလိုင် ၁၁ ရက်မှစတင်ကာ ရုပ်သိမ်းမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို