ရန်ကုန်    ၂၁   ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့မဈေးအတွင်း ဈေးသူ ဈေးသားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ စနစ်တကျ ရောင်းချဝယ်ယူနိုင်စေရန် အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပန်းဘဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့မှ ဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် လမ်းသွားလမ်းလာများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း စနစ်တကျ နေထိုင်ရန်၊ ဒေသန္တရအမိန့်တွေကို လိုက်နာကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ လက်ကို မကြာခဏဆေးကြောပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ စနစ်တကျ ရောင်းချဝယ်ယူကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ မြို့မဈေးသည် နေ့စဉ် နံနက် ၄ နာရီမှ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ် ထားသောဈေးဖြစ်ပြီး လူစည်ကားရာနေရာများတွင် လက်ဆေးဘေစင်များ  တပ်ဆင်ပေးထားကြောင်း သိရသည်။  

 

နေခြည်(ပြန်/ဆက်)