ပန်းဘဲတန်း၊  စက်တင်ဘာ  ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် အဆင့်ဆင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှှင့်အညီ ဆောင်ရွက်ကြသည်။

 

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။

 

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်အဖြစ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ စီစဉ်ဆောင်ရွက်ထားရှိပြီး ပန်းဘဲတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အသက် (၆၅)နှစ်နှင့်အထက်မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ် ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘ ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့်သီလရှင်များ၊ ကာကွယ်ဆေးမထိုး ရသေးသည့် နိုင်ငံ့ဝန်ထမ်းများ စသည်ဖြင့် သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးနေလျက်ရှိကြောင်းသိရသည်။

 

ရွှေကုက္ကို