ပန်းဘဲတန်း ဇွန် ၂၅

 

ပန်းဘဲတန်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခွန်လုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများအား ဇွန် ၂၃ ရက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းလင်းအောင်က အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက် အခွန်ကြေညာလွှာတင်သွင်းခြင်း၊ ကြိုတင် ခွန်များပေးဆောင်ခြင်း၊ တည်ဆဲအခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကိုဆွေးနွေးပြီး မြို့နယ်အဆင့်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)