နမ့်ဆန်  ၁၇  မတ်

 

COVID-19 ရောဂါ ကာကွယ်ရေးကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက  ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပန်စေမိန်းကျေးရွာ အမကကျောင်း တွင် ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ဇယန်းကြီးတိုက်နယ် ကျန်းမာရေးမှူး ဦးအောင်မြင့်နှင့် ကယားလမ်းကျေးရွာအုပ်စု ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် အသိပညာ ပေးခြင်း၊ မိမိတို့ကျေးရွာတွင် နယ်ဝေးမှရောက်ရှိလာသည့် လူများရှိပါက ကျန်းမာရေးထူးခြားမှု ရှိ/မရှိ စောင့်ကြည့် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့ပြင် သက်ကြီးရွယ်အိုများနှင့် မိခင်ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များကို လူအများမြင်သာသည့် နေရာများတွင် ကပ်ထားပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)